ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

တာချီလိတ် အောက်တိုဘာ ၉

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ "ပန်းခင်း"စီမံချက်ဖြင့် ပြည်သူများရှိရာ ကျေးလက်ဒေသသို့သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာတွင်  ခရိုင်ဦးစီးမှူးဒုတိယညွန်ကြားရေးမှူး ဦးဦးသွင်၊မြို့နယ်ဦးစီးမှူး ဦးစိုင်း ဆမ်တစ်(ပ်)နှင့်ဝန်ထမ်းများက"ပန်းခင်း"စီမံချက်ဖြင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုရှိကျေးလက်ဒေသ တိုင်းရင်းသား ပြည်သူများထံသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာ၌ အောက်တိုဘာ(၄)ရက်နေ့ထိ နိုင်-၃( က)၂၀၆ဦး၊ နိုင်-၆(က)၃၀ဦး၊ စုစုပေါင်း၂၃၆ ဦးတို့ကိုကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

"ပန်းခင်း"စီမံချက် ၂၀၂၁-ခုနှစ်၊မေလ ၃ ရက်နေ့မှစတင်၍ မြို့တွင်း ရပ်ကွက်များနှင့် တောင်ပေါ်ကျေးလက်ဒေသ များသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာတွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့အထိ(၁၈)လကြာ ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်ဆမ်တစ်(ပ်)ထံမှသိရှိရသည်။

ယာဆေး( ပြန်/ဆက်)