ဗန်းမော် အောက်တိုဘာ ၉
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်အတွင်း၌ အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး က ဗန်းမော်မြို့နယ်အတွင်း၌ အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး နှံနိုင်ရေး အတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆောင်ရွက်ရန်နှင့်ကျောင်းသားမိဘများ သိရှိနိုင်ရန်အတွက် အသိပညာပေးရေး ကဏ္ဍများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် စည်းရုံးဆောင်ရွက်ရန်၊ မိဘအုပ် ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ရယူပြီးမှသာ ဆေးထိုးပေးမည်ဖြစ်ကြောင်း၊ "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့"၊ "ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ကြပါစို့" အသိပညာပေး ဆိုင်းဘုတ်ကို လူစည်ကားရာနေရာများတွင် စိုက်ထူနိုင်ရေးနှင့် မိဘပြည်သူများ လက်ဝယ် အရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေနိုင်ရေး၊ ကာကွယ် ဆေးထိုးမည့် စုရပ်နေရာများ သတ်မှတ်ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဆွေးနွေး ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်လေးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရမည့် ကျောင်းသားကျောင်းသူများအား စာရင်းကောက်ယူခြင်းနှင့် ဆေးထိုးမည့် အစီအစဉ် များကို ကျောင်းအုပ်ဆရာဆရာမကြီးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ကျောင်းသား မိဘများကို အသိပညာပေးစည်းရုံးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗန်းမော် မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၇၁၂၅)ဦးရှိကြောင်း နှင့် ဆေးထိုးနှံမည့် စုရပ်(၇)စုခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကော်မတီဝင်များက ဆောင်ရွက်ရမည့် လုပ်ငန်းလိုအပ်သည်များကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)