ဘူးသီးတောင်မြို့နယ်တွင် ပညာသင်ကြားလျက်ရှိသောအသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အခြေအနေနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး လက်ထောက် ညွှန်ကြားရေးမှူးဦးမောင်တင်အောင်နှင့်တွေ့ဆုံမေးမြန်းခြင်း

ဘူးသီးတောင် အောက်တိုဘာ ၉

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား/ကျောင်းသူများ ကျောင်းများပြန် လည်ဖွင့်လှစ်ချိန် တွင် ကောင်းမွန်စွာ ကျောင်းတက်နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချမ်းသာ ပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေး မျှော်မှန်း၍ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်တင်အောင်နှင့်အခုလိုဘဲမေးမြန်းထားပါတယ်ရှင်

အမေး။   ဆရာအမည်နှင့် တာ၀န်ထမ်းဆောင်နေ တဲ့ရာထူး သိပါရစေရှင့်။

အဖြေ။    ကျွန်တော့်နာမည်က ဦးမောင်တင်အောင်၊ မြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။

အမေး။   ဘူးသီးတောင်မြို့နယ်မှာ ထက်/ လယ်/ မူ ကျောင်းပေါင်းဘယ်နှစ်ကျောင်းရှိပါသလဲ။

အဖြေ။    ဘူးသီးတောင်မြို့နယ်မှာ ထက်/ လယ်/ မူ ကျောင်းစုစုပေါင်း(၁၂၆)ကျောင်းရှိပါတယ်။

အမေး။   ဆရာကြီးတို့ရဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်တွေနဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ကာကွယ် ဆေးထိုးနှံဖို့ ကြိုတင်ဆောင်ရွက်နေတဲ့ အခြေအနေလေး သိပါရစေ။

အဖြေ။    အခြေခံပညာကျောင်းတွေမှာ အထက်တန်း၊ အလယ်တန်းကျောင်းသား/ ကျောင်းသူပေါင်းက ဇွန်လ လချုပ်နဲ့ ဆိုရင်(၉၇၂၆)ဦးကို လျာထားရှိပါတယ်။ တစ်ကျောင်းချင်းအလိုက်ကာကွယ် ဆေးထိုးနှံဖို့ အသက်(၁၂)နှစ် အထက် ကျောင်းသား/ကျောင်း သူတွေကိုလက်ရှိစာရင်းတွေ တောင်းခံထားရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် Grade-6 အတန်းမှာ အသက်(၁၂)အောက် ကလေးတွေလျော့သွားမှာ ဖြစ်တဲ့အတွက်ကြောင့် သတ်မှတ်လျာထားချက်ထက် လျော့နည်း ဖို့ ရှိပါတယ်။ စုရပ်တစ်ခုမှာ ကျန်းမာရေးဝန်ထမ်း(၄)ဉီး၊ ဆရာ/ဆရာမ(၆)ဉီးဖွဲ့ စည်းထားပါတယ် ။ဆေးထိုးနိုင်မည့် ကျောင်းပေါင်းက(၁၁၄)ကျောင်းရှိပါတယ် အဲဒီကျောင်းကကျောင်းအုပ် ဆရာကြီးတွေနဲ့ညှိနှိုင်းပြီး အားလုံး အစီအစဉ်ချ ထားပြီးဖြစ်ပါတယ်။

အမေး။   ဆရာကြီးတို့ ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ ကျောင်းတွေမှာ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံဖို အကျုံးဝင်တဲ့ ကျောင်းသား/သူဘယ်လောက်ရှိပါသလဲ။

အဖြေ။    အကျုံးဝင်တဲ့ကျောင်းသား/သူစုစုပေါင်းက အခုလောလောဆယ်တော့အတိအကျ မသိနိုင်သေးပါဘူး။ လျာထားတဲ့ ကျောင်းသား/သူစုစုပေါင်းကတော့(၉၇၂၆)ဉီးရှိပါတယ် တစ်ကျောင်းချင်းစီကိုတော စာရင်းပြုစုနေပါတယ် လေ့လာချက်အရ တော့  Grade-6 မှာ(၁၂)နှစ် မပြည့်သေးတဲ့ ကျောင်းသား/သူတွေ လည်းရှိကြပါတယ်။

အမေး။   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနိုင်မည့်စုရပ်တွေကို သတ်မှတ်ထားပါသလားရှင်း။

 အဖြေ။   သတ်မှတ်ထားပါတယ်အထက်တန်း ကျောင်း(၅)ကျောင်း၊ ထ(ခွဲ) (၈)ကျောင်း၊အလယ်တန်း ကျောင်း(၃) ကျောင်းစုစုပေါင်း(၁၆) ကျောင်းကို ဆေးထိုးစုရပ်အဖြစ်သတ်မှတ်ထားရှိပါတယ်

အမေး။   ကာကွယ်ဆေးထိုးမည့်အကျုံးဝင်ကျောင်းသား/သူတွေကို သတ်မှတ်နေရာများမှာလာပြီး ကာကွယ်ဆေးထိုး နှံဖို့အတွက် အသိပေးမှုတွေ့ကို ဘယ်လိုဆောင်ရွက်ထားပါသလဲ့။

 အဖြေ။   အုပ်စုထဲမှာပါတဲ့ကျောင်းအုပ်ဆရာကြီး တစ်ဦးချင်းစီကနေပြီးကိုယ်ကျောင်းသား/ ကျောင်းသူတွေကို တာဝန်ယူပြီး ဆေးထိုးမည့်နေ့အရောက် ကျန်းမာရေးအဖွဲ့နဲ့ချိတ်ဆက်ပြီးဆောင်ရွက်ထားရှိ ဖို့စီစဉ်ထားပါတယ်။

အမေ။    မကြာခင်အခြေခံပညာကျောင်းတွေကိုဖွင့်လှစ်မယ်လိုသိရပါတယ် ကျောင်းပြန်လည် ဖွင့်လှစ်မယ်ဆိုရင် ကျောင်း များ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုသိချင်ပါတယ်။

 အဖြေ။   ကျောင်းတွေကတော အားလုံးအဆင်သင့်ရှိပါတယ် ကျွန်တော်တို့ဌာနကလည်းညွန်ကြား ထားပါတယ် သန့်ရှင်းရေး ကအစ ခြုံနွယ်၊ပိတ်ပေါင်များမရှိရအောင် ကျောင်းဝင်း၊ကျောင်း ပြင် အားလုံသန်းရှင်းဖို့ ဆရာ/ဆရာမတွေကလည်း အဆင်သင့်ရှိနေဖို့ ညွန်ကြားထားပါတယ်။ 

အမေး။   အသက်(၁၂)နှစ်အထက်ကျောင်းသား/သူတွေကို ကာကွယ်ဆေးထိုးနိုင်ရေးအဆင်ပြေ ဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းတွေကိုလည်းသိရှင်ပါတယ်ရှင်။

 အဖြေ။   အဓိက ကတောမြို့နယ်အုပ်ချုပ်ရေးမှူးပါ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊  သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ရပ်/ကျေးစာရေးကအစ အဖွဲ့များအား လုံးဖွဲ့စည်းထား ရှိပါတယ် အဖွဲ့တစ်ဖွဲ့မှာကျန်းမာရေးအဖွဲက(၅)ဉီး သက်ဆိုင်ရာနယ်မြေ တစ်ကျောင်းချင်းက ကျောင်းအုပ် ဆရာကြီးတစ်ဉီးနှင့်ဆရာ/ဆရာမတွေနဲ့ပူးပေါင်း ဖွဲ့စည်းထားပါတယ် ။

အမေး။   အခြားပြောကြားချင်တာရှိရင်ပြောကြားပေးပါ။

အဖြေ။    ကလေးတွေလည်း တစ်နှစ်၊နှစ်နှစ်တောင်ကျောင်းပျက်ခဲ့ရပြီ အခုလိုကာကွယ် ဆေးထိုးနှံမည်ဆိုလျင် ကျောင်းသား/ ကျောင်းသူတွေအတွက်စိတ်ချလက်ချနဲ့ ကျန်းမာရေးအတွက် ပူစရာမလိုဘဲ ကျောင်းလည်းတက်နိုင်မယ်ဆိုရင် ကလေးတွေ အတွက်လည်း ကောင်းပါတယ် အားလုံးအတွက်အကောင်းဆုံအနေအထားတစ်ခုရောက်ရှိလာမှာ ဖြစ်ပါတယ်

အမေး    ။ကာကွယ်ဆေးထိုးနှံခြင်းအပေါ် ဆရာ ကြီးရဲ့ ပီတိစကားသံလေးကိုပြောကြားပေးပါ ။

အဖြေ။    အခုလို ကာကွယ်ဆေးထိုးနှံပေးပြီးကျောင်းများပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက စာနဲဝေးနေရတဲ့ကလေးတွေ အတွက်ဝမ်းသာ ပီတိဖြစ်ပါကြောင်း ပြောကြားသည်။

 

တွေ့ဆုံမေးမြန်းသူ-ဖြူဖြူဝင်း

သတင်း/ဓါတ်ပုံ-လှကျော်