မြစ်ကြီးနား၊ မေတ္တာပျိုးခင်း မိဘမဲ့ရိပ်သာ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှဒေါင်ကျေးရွာ မေတ္တာပျိုးခင်းမိဘမဲ့ရိပ်သာ၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ် (၁၂) လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက မေတ္တာပျိုးခင်း မိဘမဲ့ရိပ်သာ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြစ်ကြီးနားခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဦးဂွါဇာလေးက ဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၁၂) လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်က ကလေး သူငယ်အား လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာ လွဲမှားစွာပြုကျင့်ခြင်း၊ အရွယ်မတိုင်မီ အိမ်ထောင်ကျစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ လွဲမှားစွာပြုကျင့်ခြင်း၊ နှုတ်အားဖြင့် လွဲမှားစွာ ပြုကျင့်ခြင်းနှင့် မူးယစ်ဆေးဝါး အလွဲသုံးစားပြုခြင်းများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားခဲ့ပြီး လူကုန်ကူး တားဆီးကာကွယ်ရေး အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)