အမ်း-အောက်တိုဘာ ၈
ကျောင်းသား မိဘ
မေး။ အစ်ကိုအမည်လေးနှင့်နေရပ်လိပ်စာကိုမိတ်ဆက်ပေးပါ။
ဖြေ။ ကျွန်တော်အမည်ကတော့ ဦးကျော်စိန်၊ လေယာဉ်ကွင်းရပ်ကွက်၊ နဝရက်လမ်းသွယ်(၃)မှာ နေပါတယ်။
မေး။ အစ်ကိုက ဝန်ထမ်းလား၊ ကုန်သည်လား ဘာအလုပ်လုပ်ပါသလဲ( ဝန်ထမ်းဆိုရင် တာဝန် ထမ်းဆောင်တဲ့ဌာနကို သိချင်ပါတယ်။
ဖြေ။ ကျွန်တော်က ဈေးရောင်းပါတယ်။
မေး။ အစ်ကိုတို့ရဲ့ ရင်သွေးတွေမှာ ပညာသင်ကြားနေတဲ့ကလေးတွေရှိရင် ကလေးရဲ့ အသက်၊ ပညာသင်ကြားနေတဲ့ကျောင်းနဲ့ တက်ရောက်နေတဲ့အတန်းကို သိချင်ပါတယ်။
ဖြေ။ ကျွန်တော်မှာ ပညာသင်ကြားနေတဲ့ အဠမတန်း(၁)ဦး၊ ဒသမတန်းအောင်မြင်သူ(၂)ဦး စုစုပေါင်း(၃)ဦးရှိပါတယ်။ အသက် ၁၂ နှစ် အထက် ကာကွယ်ဆေးထိုးနှံမည့်သူ(၁)ဦးရှိပါ တယ်။ ဆေးထိုးရန်လည်း သဘောတူစိတ်ကျေနပ်မှုဖြစ်ပြီး ပညာသင်ကြားနေတဲ့အတွက် ကိုဗစ်ဖြစ်ပွားနေကာလ မဖြစ်မနေဆေးထိုးရမှာပါ။
မေး။ နိုင်ငံတော်ရဲ့အစီစဉ်နဲ့ အခြေခံပညာကျောင်တွေကို အသက် ၁၂ နှစ် အထက်ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ်လို့ကြေငြာထားပါတယ်၊ အဲဒီအပေါ်မှာ အစ်ကိုရဲ့ အမြင်လေးကြားလိုပါတယ်။
ဖြေ။ မိဘတိုင်းက ကျောင်းတက်ဖို့နဲ့ အသက် ၁၂ နှစ် အထက် ကလေးတွေ ကာကွယ်ဆေး ထိုးရ မယ်ဆိုတော့ အားပါနေတာပေါ့၊ ကလေးတွေက ဆေးထိုးပြီး ကျောင်းတက်ရမယ်ဆိုတော့ ပျော်နေကြတယ် ကျောင်းလည်းတက်ချင်နေကြပြီဖြစ်ပါတယ်။
မေး။ အကိုတို့ပါတ်ဝန်းကျင်မှာ အသက် ၁၂ နှစ် အထက်ကျောင်းသားကျောင်းသူတွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုနှင့်ပါတ်သက်၍ ကျောင်းသားမိဘတွေအပေါ် အမြင် လေးသိချင်ပါတယ်။
ဖြေ။ ကျွန်တော်တို့မိဘတိုင်းက ကျောင်းတက်နေတဲ့ မိမိသားသမီးတွေ ကိုဗစ် - ၁၉ရောဂါကာ ကွယ်ဆေးကို စိတ်ချလုံခြုံစွာနဲ့ ထိုးရမှာဆိုတော့ ကျန်းမာရေးကလူတိုင်းအတွက်အရေးကြီး တယ်လေ ထိုးကြမှာပါ။
မေး။ အခြေခံပညာကျောင်းတွေမှာကာကွယ်ဆေးထိုးဖို့ဆောင်ရွက်နေမှုအပေါ် ကျောင်းသားမိဘ တစ်ဦးအနေနဲ့ပူးပေါင်းပါဝင်မဲ့ အစီအစဉ်ကိုသိပါရစေ။
ဖြေ။ အခြေခံပညာကျောင်းတွေမှာကာကွယ်ဆေးထိုးဖို့ဆောင်ရွက်နေမှုအပေါ် မိမိနှင့်အတူ အခြား မိဘတွေကိုလည်း ကလေးတွေကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနိုး ဆော်ပေးမယ်၊ ဆေးထိုးလုပ်ငန်းတွေမှာ မိဘတစ်ဦးအနေနဲ့ ပူးပေါင်းပါဝင်ပေးပါမယ်။
မေး။ အခုလိုမိမိရဲ့ရင်သွေးကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံဖို့ဆောင်ရွက်နိုင်တဲ့အပေါ် ပီတိ စကားလေးလဲကြားချင်ပါတယ်။
ဖြေ။ ကျွန်တော်တို့ကလေးတွေကို ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ကို လည်းကျေးဇူးတင်ပါတယ်၊ မိဘတစ်ဦးအနေနဲ့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
ကျောင်းသား/သူ
မေး။ သားရဲ့ အမည်နဲ့အသက်ဘယ်လောက်ရှိပြီလဲ။
ဖြေ။ သားရဲ့အမည်က မောင်မြင့်မြတ်ဆွေဖြစ်ပါတယ်၊ အသက်က(၁၃)နှစ်ပါ။
မေး။ ဘယ်နှစ်တန်းတက်နေတာလဲ၊ ဘယ်ကျောင်းမှာတက်လဲ။
ဖြေ။ သားက Grade(7)မှာ ပညာသင်ကြားနေပါတယ်၊ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်း အမ်းမြို့မှာပညာသင်ယူနေပါတယ်။
မေး။ အခု သားတို့ စာသင်ကျောင်းတွေမှာ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတော့မှာ သားက ကာကွယ်ဆေးထိုးမှာလား။
ဖြေ။ ကျွန်တော် ကာကွယ်ဆေးကို ယုံကြည်စွာနဲ့ထိုးနှံမှာဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးပြီးရင်ကျောင်းတွေလဲပြန်ဖွင့်တော့မှာဆိုတော့ ကာကွယ်ဆေးထိုးထားရင် ရောဂါကစက်မှုအတွက် ဘယ်လို ယုံကြည်ချက်တွေရှိလာမလဲ။
ဖြေ။ ကာကွယ်ဆေးထိုးပြီးရင် ရောဂါကူးစက်မှုပျောက်ကင်းသွားမယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။
မေး။ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးမှုအပေါ် သားရဲ့ သူငယ်ချင်းတွေကို ဘယ်လိုမျှဝေပေးချင် လဲ၊ သူတို့ကိုကာကွယ်ဆေးထိုးဖို့ ဘယ်လိုတိုက်တွန်း ချင်လဲ။
ဖြေ။ သားရဲ့ သူငယ်ချင်းတွေကို ကိုဗစ် - ၁၉ ကာကွယ်ဆေးမဖြစ်မနေထိုးနှံကြဖို့ အတူတကွ ပညာသင်ကြားခွင့်ရအောင် သူငယ်ချင်းတွေကာကွယ် ဆေးထိုးနှံကြဖို့ တိုက်တွန်းသွားပါ မယ်။
မေး။ အခြားဖြည့်စွက် ပြောချင်တာရှိရင်ပြောပေးပါ။
ဖြေ။ အခြားဖြည့်စွက်ပြောရရင် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် အသက် ၁၂ နှစ် အထက် သားတို့လို ကျောင်းသားကျောင်းသူတွေ ပြင်းထန်တဲ့ ရောဂါကူးစက်မှုမဖြစ်အောင်ထိုးနှံကြဖို့ ပြောချင်ပါတယ်၊ သားတို့ကတဆင့် အိမ်မှာနေထိုင်တဲ့မိဘနှင့်သက်ကြီးရွယ်အိုအတွက်လည်း ကူးစက်မှုအတွက် စိုးရိမ်စရာမရှိတော့ပါ။
မေး။ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးရင် ကျောင်းတွေဖွင့်မယ်ဆိုရင် ကျောင်းဖွင့်တဲ့ အပေါ်မှာ ဘယ်လိုခံစားရတလဲ။
ဖြေ။ ကျောင်းလည်းမတက်ရတာကြပြီဖြစ်တဲ့အတွက် ကျောင်းပြန်ဖွင့်မယ်ဆိုတော့ ကျွန်တော် အလွန်ပျော်မိပါတယ်၊ ကျောင်းလည်းတက်ချင်ပါပြီ။
တွေ့ဆုံမေးမြန်းသူ - ဒေါ်ဝင်းအိမွန်( အမ်း ပြန် /ဆက် )
သတင်း / ဓါတ်ပုံ - ဦးစိုးမင်းထွန်း ( အမ်း ပြန် / ဆက် )