မုံးကိုးမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး‌ ဒုတိယအကြိမ်ထိုးနှံပေး

 မုံးကိုး အောက်တိုဘာလ ၈

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်()ရပ်ကွက်၊ အမှတ်()ရပ်ကွက်နှင့် ဟေမိုးလုံကျေးရွာရှိ ကာကွယ်ဆေးထိုး စုရပ်များ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ယနေ့ နံနက် () နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။     

ထိုသို့ကာကွယ်ဆေးထိုးနှံ‌ပေးရာတွင် မုံးကိုးမြို့၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊ အမှတ်(၉၉၁) နည်းဗျူဟာက ဆရာဝန်(၂)ဦး၊ အထက်တန်းသူနာပြု()ဦး၊‌ ဆေးအကူ(၂)ဦးတို့က ကာကွယ် ဆေးထိုးနှံပေးသည်။ ကာကွယ်ဆေးစနစ်တကျ ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ကို ဒုတိယအကြိမ် ထိုးနှံပေးသည်။ ထို့ပြင် အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးပြီးများအား  ကာကွယ်ဆေးထိုးပြီး ကြောင်း QR မှတ်တမ်းများကိုစနစ်တကျ ပေးအပ်သည်။ မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး အမှတ်()ရပ်ကွက်ရှိ ကာကွယ်ဆေးထိုး စုရပ်၌ (၆၉၉) ဦး၊ အမှတ်()ရပ်ကွက်ရှိ ကာကွယ်ဆေးထိုးစုရပ်၌ (၅၉၉)ဦး၊ ဟေမိုးလုံ ကျေးရွာ၌ (၇၆၅) ဦး စုစုပေါင်းလူဦးရေ (၂၀၆၃) ဦးအား Sinopharm ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား ဒုတိယအကြိမ်ထိုးနှံပေးသည်။ မုံးကိုးမြို့တွင် အသက်(၆၅)နှစ်အထက် အဘိုးအဖွားများ အပါအဝင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအသုတ်၌ လူဦးရေ(၆၀၀)၊ ဒုတိယအသုတ်၌လူဦးရေ(၃၀၀)၊ စုစုပေါင်းလူဦးရေ(၉၀၀) အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးထားပြီးဖြစ်သည်။ မုံးကိုးမြို့၌ ကိုဗစ်-၁၉‌‌ ရောဂါ ကာကွယ် ဆေးထိုးရန်ကျန်သည့် တိုင်းရင်းသားပြည်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

သန်းဇော်ဦး(မုံးကိုး)