ငါ့သရောက် အောက်တိုဘာ ၈
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အုတ်ရေဆိုးမြောင်း၊ ရေမြောင်းအဖုံး၊ မြေသား ရေမြောင်း လုပ်ငန်းများဆောင်ရွက် လျှက်ရှိရာ၊ အောက်တိုဘာ(၈)ရက်နေ့တွင် လုပ်ငန်းအားလုံးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ငါ့သရောက်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှတ်(၂)ဈေးကုန်း ရပ်ကွက်တွင် အလျားပေ (၂၇၀)၊အကျယ်(၂) ပေ၊ အနက်(၆)ပေရှိ အုတ်ရေဆိုးမြောင်းနှင့် ရေမြောင်း အဖုံး ဆောင်ရွက်မှုလုပ်ငန်းနှင့် အရှည်(၆၀၀) ပေ၊ အကျယ်(၂)ပေနှင့် အနက်(၆)ပေရှိ မြေသားရေမြောင်း တူးဖော်မှုလုပ်ငန်း(၂)ခုကို၊တိုင်းဒေသကြီး ခွင့်ပြုရန်ပုံ ငွေ ကျပ်(၆၃၆၂၀၀၀)ဖြင့်(၂၅.၉.၂၀၂၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီး စီးပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါ အုတ်ရေဆိုးမြောင်း၊ ရေမြောင်းအဖုံးနှင့် မြေသားရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့နေပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ကြ စေရေးအတွက် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ၊ စည်ပင်သာယာရေးအဖွဲ့လျာထား ငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နေပြည်သူများ မြို့အဆင့် မီနေထိုင်နိုင်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင် သွားလာနိုင်ရေးအတွက် ရရှိသည့် ဘဏ္ဍာငွေ အပေါ်မူတည်၍ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းမျးကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း မြို့စည် ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးနေမျိုးတင့်က ပြောသည်။
ဖြိုးဝေအောင်(ငါ့သရောက်)