သံဖြူဇရပ် အောက်တိုဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများ အားစုရပ်(၇)နေရာတွင် ပထမနေ့အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ထားသည့် စုရပ်( ၇)နေရာဖြစ်သည့် အထက(၁)၊ ကျိုက္ခမီကဇာတ်ရုံ၊ ကျုံကဒတ် အထက၊ အနင်းတိုက်နယ်ဆေးရုံ၊ ထင်းရှုး တိုက်နယ်ဆေးရုံ၊ ဝဲခမိတိုက်နယ်ဆေးရုံနှင့် ကရုပ္ပိတိုက်နယ်ဆေးရုံတို့၌ ထိုးနှံပေးလျက်ရှိရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်း (volunteer)များက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ဆေးခွဲတန်း ကုန်ဆုံးသည့်နေ့အထိ ကျန်ရှိသူပြည်သူများအား အခမဲ့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သီတာဝင်း (ပြန်/ဆက်)