မန္တလေး အောက်တိုဘာ ၈
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈နာရီက ဒေါနဘွားရပ်ကွက်၊ ၁၉လမ်းနှင့်၅၉လမ်းထောင့်ရှိ မုန်တိုင်းဓမ္မာရုံရှေ့၌ ပြုလုပ်သည်။
အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အောင်မြေသာစံ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးနှင့်ဝန်ထမ်းများက ပြည်သူများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာများ လက်ကမ်းစာစောင် စောင်ရေ(၃၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)