တိုက်ကြီး အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်းလုပ်ငန်း (Mask Campaign)ကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဥက္ကံမြို့ ရန်ကုန် - ပြည် ကားလမ်းဘေးရှိ စည်ပင်သာယာဈေး၌ ပြုလုပ်ခဲ့သည်။
ဥက္ကံမြို့ ရန်ကုန် - ပြည်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများ၊ စည်ပင်သာယာဈေး အတွင်း/အပြင်၌ ဈေးရောင်းချသူနှင့် ဈေးဝယ်သူ ပြည်သူများအား ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်း (Mask Campaign)ကို ဥက္ကံမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော် ဦးဆောင်သော ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဥက္ကံမြို့စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ ဥက္ကံမြို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ဥက္ကံမြို့ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်စေရေး နှင့် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာစေရေး အသိပညာပေးခဲ့ပြီး ပါးစပ်/နှာခေါင်းစည်း(Mask) (၂၅၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်မှုဖြင့် မြို့နယ်ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ၊ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်