တိုက်ကြီး အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က တိုက်ကြီးမြို့နယ် အိုးတန်း ရပ်ကွက် ရန်ကုန် - ပြည်လမ်းဘေးရှိ မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးအောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသံချောင်းနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ ပါဝင်သော အဖွဲ့က သာသနာ့ဗိမာန်တော်ကြီး အတွင်း / အပြင်ရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ခြင်းနှင့် အမှိုက်များ စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများ ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ နှင့် ရန်ကုန် - ပြည်လမ်းမကြီး တစ်လျှောက် လမ်းဘေးဝဲ/ယာရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စုပေါင်းသန့်ရှင်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်