ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ

ကော့မှူး အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့် စေတနာဝန်ထမ်း များပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

ဒေါ်ဇင်မာအေး

ကျွန်မကတော့ ကော့မှူးမြို့နယ် ထန်းပင်ချောင်ကျေးရွာမှ နေထိုင်တဲ့ဒေါ်ဇင်မာအေး ဖြစ်ပါတယ်။ အိမ်မှက တော့လက်ရှိ အိမ်ထောင်စုနှစ်စု နေထိုင်ပါတယ် ။ ကျွန်မတို့မောင်နှမနှစ်ယောက် ဩဂုတ်လ ၅ ရက်နေ့မှစတင်ဖျားပြီး မောင်လေးက နေပြန်ကောင်းလာပါတယ် ကျွန်မက သြဂုတ်လ ၉ရက်နေ့လောက်မှာ အနံ့စတင် ပျောက်သွားသည့်အတွက် နောက်တစ်နေ့တွင် မြို့နယ်ဆေးခန်း ပြသရာ ဆရာဝန်မှ ကိုဗစ်လက္ခဏတွေ့ရှိရသည့်အတွက် Home Quarantine သီးသန့်နေထိုင်ပြီး ဂရုစိုက်ဖို့မှာလိုက်သည့်အတွက် ဆရာဝန်မှာကြားတဲ့ အတိုင်းနေထိုင်ပါတယ်။ ကျွန်မကျန်းမာရေး ဂရုတစိုက်နေထိုင်ပင်မဲ့ အသက်ရူမဝခြင်း၊ မောပန်းခြင်း၊ ချောင်းဆိုးခြင်းများ ခံစားလာရသည့်အတွက် ဒုတိယအကြိမ် ဆရာဝန်နှင့် ထပ်မံပြသခဲ့ရာ ဆရာဝန်မှ အသက်ရူလေ့ကျင့်ခန်းကို စနစ်တကျ နည်းလမ်းမှန်မှန်လုပ်ဖို့ ၊ ဘီတာမင် C ၊ ဘီတာမင် A အားဆေးများကို အချိန်မှန်သောက်ဖို့ ၊ အဟာရရှိတဲ့ အစားအစာများကို အချိန်မှန်စားဖို့နှင့် ကြောက်စိတ်မထားရန် ညွှန်ကြားခဲ့ပါတယ်။ ကျွန်မအနေနှင့် ဆရာဝန် ညွှန်ကြားချက်နှင့်အညီ ဂရုစိုက်ပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း ၊ အားဆေးများ အချိန်သောက်ခြင်း၊ အသက်ရူလေ့ကျင့်ခန်းများကို အချိန်မှန်လုပ်ခြင်း၊ တရားထိုင်ခြင်းများ ပုံမှန်လုပ်ခြင်းဖြင့် ဩဂုတ် ၁၆ရက်နေ့တွင် အနံ့ပြန်လည်ရရှိလာပြီး အိမ်တွင်(၁၄)ရက်ကြာ နေထိုင်ခဲ့ ပါတယ်။ ကျွန်မအနေဖြင့် ပြောချင်တာကတော့ ကိုဗစ်-၁၉ရောဂါ လက္ခဏပြလာပြီဆိုရင် မကြောက်ပါနှင့် စိတ်ကိုခိုင်ခိုင်ထားပါ။ အချိန်မှန်အိပ်ပါ၊ အားရှိသော အစားအစာများ ပုံမှန်စားသောက်ပါ။ ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ပြီးတော့ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း အပြင်သွားတိုင်း (Mask) တပ်ပါ၊ လက်ကိုမကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ အထူးပြောချင်တာက ကျွန်မက ကိုဗစ်ရောဂါကာကွယ်ဆေး မထိုးထားဘူး၊ ကျွန်မမောင်က ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးထားတယ်၊ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းက ရောဂါကူးစက်ခံရမှုကို  အထိုက်အလျောက် ကာကွယ်ပေးတာဖြစ်မယ် ထင်ပါတယ်၊ အခုဆိုရင် ကျွန်မလည်း ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးပြီး၊ ပြည်သူများ အနေနှင့်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် ထိုးနှံကြပါရန် အားလုံးကိုတိုက်တွန်း ပြောလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျော်သူရ