မတ္တရာအောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၈ ရက်နေ့ ၉နာရီ အချိန်မှ စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)၊ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ အထက(မတ္တရာ) အောင်ဆန်း ခန်းမအပါအဝင် ကျေးရွာများရှိ အခြား ဆေးထိုးစုရပ် ၅ ခုတွင် ဆေးထိုးနှံပေးခြင်း၊ မိုဘိုင်းဆေးထိုး အဖွဲ့ ၃ ဖွဲ့တို့မှ မြို့မစျေးနှင့် ကျေးရွာများသို့ မိုးဘိုင်းဆေးထိုးယာဉ်ဖြင့် ကွင်းဆင်းကာ ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်သူ(၂၃၂၅)ဦး၊ ယနေ့အထိ ပထမအကြိမ် စုစုပေါင်း ပြည်သူ(၂၈၅၈၆) ဦးနှင့် ဒုတိယ အကြိမ်(၆၈၉၈)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပေးနိုင်ခဲ့ကာ ၁၈နှစ်ပြည့်ပြီးသူ ဆေးထိုးရန် ကျန်ရှိနေသူများ၊ အသက်၁၂ နှစ်ပြည့်ပြီး ကျောင်းသားကျောင်းသူများ ကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
စိုးကျော်သူထွေး(မတ္တရာ)