မဘိမ်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အသက်(၁)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်က လေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်အတွင်းရှိ အသက်(၁)နှစ်အောက် ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်း ရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ ပြင်းထန်ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် တစ်လလျှင်တစ်ကြိမ် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)