မိုးကောင်း အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ ၁ နှစ်ခွဲ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ ဌာန၌ ဆေးထိုးဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အသက် မွေးစ၊ ၂ လ၊ ၆ လ၊ ၉လနှင့် ၁နှစ်ခွဲ အသက်အရွယ် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ၊ မေးခိုင်၊ ဝက်သက်-ဂျိုက်သိုး၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးဏှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ် ဆေး) ကာကွယ်ဆေးများ ထိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဆေးထိုးချိန်ကို နံနက်ပိုင်း ၉ နာရီမှ ၁၂ နာရီထိတစ်ချိန်၊ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီထိ တစ်ချိန် ဆေးထိုးပေးမည်ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ဈေးကုန်းရပ်ကွက်နှင့် ညနေပိုင်းတွင်မြို့ဦးရပ်ကွက်အားလည်းကောင်း၊ အောက်တိုဘာ၉ ရက်နံနက်ပိုင်းတွင် နတ်ကြီးကုန်း ရပ်ကွက်နှင့် ညနေပိုင်းတွင် အရှေ့ရပ်အလယ်ရပ်ကွက်တို့အားလည်းကောင်း၊ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် နောင်ကိုင်တော်နှင့် ညနေပိုင်းတွင် နန့်ရင်းရပ်ကွက်တို့ အား လည်းကောင်း၊ အောက်တိုဘာ ၁၁ ရက်နံနက်ပိုင်းတွင် ရွာသစ်ရပ်ကွက်နှင့် ညနေပိုင်းတွင် အိုးတန်းရပ်ကွက်တို့အား လည်းကောင်း၊ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကျွန်းတော ရပ်ကွက်နှင့် ညနေပိုင်းတွင် ဖိုးချစ်ကုန်းရပ်ကွက်တို့အားလည်းကောင်း ဆေးရုံဝန်းအတွင်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဌာန၌ ဆေးဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး