ကျောက်မဲမြို့တွင် မသန်စွမ်းသူများအား ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ     အောက်တိုဘာ     ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မသန်စွမ်းသူများအား ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကျောက်မဲခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဒေါ်နှင်းရည်က Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထားထားအိက မသန်စွမ်း အမျိုးအစားများ၊ နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် မသန်စွမ်းကျောင်းများ၊ မသန်စွမ်းကျောင်းများတွင် နေထိုင်ခြင်း ကြောင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ အဆိုပါ မသန်စွမ်းကျောင်းများတွင် နေထိုင်ခွင့်ရရန် လိုအပ်သည့်အချက်များ၊  လူမှုဝန်ထမ်းဦးစီးဌာနမှ ကူညီ ဆောင်ရွက်ပေးနေမှု အခြေ အနေများ ကိုရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးချက် ရုပ်သံ အပြည့်အစုံကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)