စဉ့်ကိုင် အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အတွင်းရှိ အသက်(၁၈) နှစ် အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီ က ပထမ အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)နှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိသည်။
စဉ့်ကိုင်မြို့နယ်အတွင်းကိုဗစ်-၁၉ကူးစက်ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက်သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီးပြည်သူများလိုက်နာစေရန်၊ အသံချဲ့စက်များ၊ Hand Spaker ဖြင့် လှည့်လည်ပြီးအသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများ အတွင်း ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာ ရေး၀န်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စဉ့်ကိုင်မြို့နယ် အနေဖြင့် အသက်(၁၈)နှစ်အထက် ကာကွယ် ဆေးထိုးနှံပြီးသူအောက်တိုဘာ(၇)ရက်နေ့အထိ (၇၉၅၀) ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ညိုညို၀င်း(စဉ့်ကိုင်)