မိုင်းခတ် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ဈေးရောင်းဈေးဝယ်များနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုကို ယနေ့ နံနက် ၇ နာရီအချိန်ကကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆိုင်လွန်နှင့် ဌာနဆိုင်ရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက မိုင်းခတ်မြို့နယ်အတွင်း ရောင်းချနေသည့် ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များတွင် တားမြစ်ထားသော သတ်မှတ်နေရာမှ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးရောင်းဈေးဝယ်များအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံထားမှု ရှိ/မရှိ အခြေအနေ တို့ကို စစ်ဆေးမေးမြန်းကာ စည်းကမ်းနှင့်အညီ ဆက်လက်နေထိုင်သွားလာကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းသိမ်းရေး စည်းကမ်းချက်များအား လိုက်နာ ဆောင် ရွက်မှု ရှိမရှိအခြေအနေတို့ကို မိုင်းခတ်မြို့နယ်အတွင်း ဆက်လက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးဒေ ပြန်/ဆက်