မိုင်းပန် အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အရှေ့ရပ်ကွက်နေ ပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အရှေ့ရပ်ကွက်နေ ဒေသခံပြည်သူ (၁၅ဝ)ဦးအား RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ကြောင်းနှင့် ၎င်းအနက် ကျား (၃) ဦး၊ မ (၁၁) ဦး စုစုပေါင်း(၁၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသဖြင့် Isolation Ward တွင် ထားရှိကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှေ့ရပ်ကွက်နေ ပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းရှိ/မရှိ စစ်ဆေးပေးခဲ့ပြီး မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက လိုက်ပါကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိနေသေးသည့် ရောဂါကူးစက်မှုနှုန်းများသည့် ရပ်ကွက်များသို့ ဆက်လက်ကွင်းဆင်း ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မိုင်းပန် (ပြန်/ဆက်)