မိုးမိတ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မိုးဟောက်ကျေးရွာအုပ်စု ဘော်ဒေကျေးရွာစာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပန်းခင်းစီမံချက်အရ မိုးမိတ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ မိုးမိတ်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်းများသည် မိုးဟောက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသား အသက် (၁၀ )နှစ် နှင့် (၁၈) နှစ်ကြား (၅၃) ဦး၊ အသက်(၁၈)နှစ်အထက် (၃၂) ဦး၊ လဲလှယ် (၁၄)ဦး နှင့်မိတ္တူ (၈)ဦး စုစုပေါင်း (၁၀၇) ဦးတို့ အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားတိုင်း ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်ပိုင်ဆိုင်ရရှိစေရေးအတွက် မိုးဟောက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသား ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်/ပြန်ဆက်)