ဗန်းမော်မြို့၌ "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ဗန်းမော် အောက်တိုဘာ

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဒေသခံပြည်သူများအား ဉပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "ပန်းခင်း"စီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ တောင်လေးလုံး ဘုန်းတော်ကြီးကျောင်းတိုက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်းများသည် ညောင်ပင် ရပ်ကွက်ရှိ ပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ဆောင်ရွက် ပေးခြင်း(၂)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်(၉)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၇)ဦးတို့အား လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပယ်ဖျက်(၁၄)စု၊  အိမ်ထောင်စုလူဦးရေ စာရင်းမွေးတိုး(၇)စု၊ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ(၁၅)စုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ပေးသည့် နေရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုးနှင့်အဖွဲ့က ကွင်းဆင်း ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကာ ဗန်းမော်မြို့နယ်အတွင်း၌ ဆောင်ရွက်ရန် ကျန်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဘောက်နော်ထံမှ သိရသည်။ 

ခရိုင်(ပြန်/ဆက်)