သီပေါမြို့နယ်တွင် ကျန်းမာပြီး ကြံ့ကြံ့ခိုင်နိုင်စွမ်းရှိသော ရပ်ရွာလူထုဖြစ်ပေါ်လာစေရေး တည်ဆောက်ခြင်း လုပ်ငန်းများရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းပေးခြင်းများ ဆောင်ရွက်

သီပေါ အောက်တိုဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိ သူများသည် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာသို့ ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်သော ကျေးရွာများ တည်ဆောက်ရေး လုပ်ငန်းများ ရှင်းလင်းခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက် နိုင်မည့် ကော်မတီများ ဖွဲ့စည်းပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက နမ့်ပျဉ်ကျေးရွာအုပ်စု ကောက်တိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး၊ တပ်စိတ်မှူး၊ စီမံကိန်း တာဝန်ခံနှင့် ကွင်းဆင်း တာဝန်ခံများသည် နမ့်အွန်ကျေးရွာအုပ်စု၊ နမ့်ပျဉ်ကျေးရွာအုပ်စုနှင့်  ပန်မြိုင်းကျေးရွာ အုပ်စုများရှိကျေးရွာ ၁၃ ရွာမှဒေသခံ ပြည်သူများကို ကျန်းမာပြီးကြံ့ကြံ့ခံ နိုင်သော ကျေးရွာများ တည်ဆောက်ရေး လုပ်ငန်းစီမံချက်များကို ရှင်းလင်းခြင်းနှင့် လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ကော်မတီများ ဖွဲ့စည်းပေးခြင်းများကို ကျေးရွာပြည်သူလူထုနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါပြန်/ဆက်)