မန္တလေး သြဂုတ် ၁၇
ချမ်းအေးသာစံမြို့နယ်၊ ချမ်းသာရဘုရားအနီးရှိ သင်္ဂဇာချောင်းအတွင်းရှိ သဘာဝအလျောက်ပေါက်နေသော ဗေဒါဒိုက်များဆယ်ယူခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗေဒါဒိုက်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် Long Arm KOBELCO စက်ယန္တယားဖြင့် ဆယ်ယူပြီး စုပုံထားသော ဗေဒါဒိုက်များကို အမှိုက်သိမ်းယာဉ် ၅ စီးဖြင့် သယ်ယူသိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့ဆောင်ရွက်ခြင်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးဌာနမှ လက်ထောက် ကြီးကြပ်ရေးမှူး ဦးသန့်ဇင်ဦးဆောင်ပြီး အင်အား ၅၀ ကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်္ဂဇာချောင်း သာယာလှပရေးအတွက် ဩဂုတ်လ ၁၇ ရက်နေ့မှစ၍ ဩဂုတ် ၂၄ ရက်နေ့ထိ တစ်ပတ်ကြာ ဗေဒါဒိုက်ဆယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်