ဘူးသီးတောင် အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ( ၄၆၂)ဦး တို့အား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က စေတီတောင်ကျေးရွာစာသင်ကျောင်း၌စုရပ်ထားရှိကာ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ် -၁၉ကာကွယ်ဆေး Sinovac ထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများက စာရင်းများပြုစုခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများကဆ ေးထိုးခြင်း မပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်တိုင်း တာပေးခြင်းတို့ကိုပြုလုပ်ပေးကြ ကာပုံမှန်အခြေအနေရှိမှ ကာကွယ်ဆေးထိုး နှံပေးပြီး ကျန်းမာ ရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
လှကျော်( ပြန်/ဆက်)