ကျောက်ဖြူ အောက်တိုဘာ ၇
မေး။ ဆရာမကြီး၏ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ။ ကျွန်မနာမည်ကတော့ ဒေါ်နုနုသာပါ၊ ကျွန်မကတော့ ကျောက်ဖြူမြို့နယ်ပညာရေးမှူးပါ။
မေး။ ဆရာမကြီးတို့ရဲ့ အထက်တန်း/အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါ တယ်ရှင့်။
ဖြေ။ ကျွန်မတို့က အသက် ၁၂ နှစ်ပြည့် ကလေးများကို ကာကွယ်ဆေးထိုးဖို့ဆို့လို့ ကျွန်မတို့မြို့နယ်မှာ ထက်ဆင့်သင်နှင့် လယ်ဆင့်သင်ကျောင်း ၁၅၈ ကျောင်းရှိပါတယ်၊ IDP က တစ်ကျောင်းပါတယ်၊ ဘုန်း တော်ကြီးပညာသင်ကျောင်းက လေးကျောင်းပါပါတယ်၊ အဲဒီအထဲမှာ ၁၂ ပြည့်ပြီးတဲ့ ကျောင်းသား/ ကျောင်းသူ ၁၅၆၄၅ ဦးရှိပြီးတော့ ဒီကလေးတွေ့ကို မြို့နယ်အစိုးရအဖွဲ့အစည်း၊ ခရိုင်ဆရာဝန်ကြီး၊ လူ/ကယ်ပြန် ပြီးတော့နောက်ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့ ဒီကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို ကြိုတင်ပြီးတော့ စီမံချက်ရေးဆွဲရပါတယ်၊ ကျွန်မတို့ကျောက်ဖြူမြို့နယ်မှာတော့ အဲလိုစီမံချက်ဆွဲပြီး တော့ ဆေးထိုးမယ့်စုရပ် နယ်မြေစုရပ် စတဲ့စုရပ် ၁၅ ခုသတ်မှတ်ထားပါတယ် IDP စခန်းက သီးခြားတစ် ခုပါ၊ ကျန်တဲ့ကျောင်းတွေက ၁၄ ခုဖြစ်ပါတယ်၊ မြို့ပေါ်မှာကြတော့ ကျောင်းသား၊ ကျောင်းသူ ၃၈၂၈ ဦးကို ထိုးပါမယ်၊ တစ်ရက်ကို ဦးရေ ၁၀၀၀ နှုန်းထိုးနှံနိုင်အောင်အတွက် ၁၅၈ ကျောင်းက ကျောင်းအုပ်တွေကို ခေါ်ယူပြီးတော့ ဒီနေ့အစည်းအဝေးလုပ်ပါတယ်၊ ဆေးထိုးနှံမယ့် စာရင်းကိုလည်း တိတိကျကျပြုစုမယ်၊ ဆေးထိုးနှံရာမှာလည်း စာရင်းဖြည့်သွင်းဖို့အတွက် ကွန်ပျူတာနည်းပညာ ပိုင်းဆိုင်ရာဆရာတွေကို စုရပ် တစ်ခုမှာ ၃၀၀၀ အထက်ဆိုရင် ဆရာ/ဆရာမ ခြောက်ဦး၊ ၂၀၀၀ အောက်ဆိုရင် သုံးဦးစီထားရှိဖို့ စီစဉ် ဆောင်ရွက်ထားရှိပါတယ်၊ မနက်ဖြန်မှာ Software နည်းပညာပိုင်းရေးသွင်းနည်းသင်တန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ပူးပေါင်းပြီး သင်ကြားပေးပို့ စီစဉ်ထားပါတယ်
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ် ၁၅ ခုရဲ့နေရာလေးတွေသိချင်ပါတယ်ရှင့်
ဖြေ။ ကာကွယ်ဆေးထိုးနှံမယ့်စုရပ်တွေက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်စု၊ စုရပ် (၁)မှာ ကျောင်းက ၂၃ ကျောင်းပါရှိပြီးတော့ ၃၈၂၈ ဦးကိုထိုးနှံပါမယ်၊ အခြေခံပညာ အထက်တန်း ကျောင်း (ဂုံးချွိန်)အုပ်စု၊ စုရပ်(၂)မှာ ကျောင်းက ၈ ကျောင်းပါရှိပြီးတော့ ၉၅၁ ဦးကိုထိုးနှံပါမယ်၊ မူလတန်းလွန် ကျောင်း(စေမော်)အုပ်စု၊ စုရပ်(၃)မှာ ကျောင်းက ၁၂ ကျောင်းပါရှိပြီး ၉၉၆ ဦးကို ထိုးပါမယ်၊ နောက်အုပ်စု တစ်ခုကတော့ အခြေခံပညာအထက်တန်းကျောင်း ဆင်ဘုတ်ကျွန်း ချောင်အုပ်စု စုရပ်(၄)မှာ ကျောင်းက ၁၇ ကျောင်းပါရှိပြီး ၁၂၂၃ ဦးကိုထိုးနှံပါမယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မင်းပြင်) အုပ်စု၊ စုရပ် (၅) မှာ ၉၈၈ ဦး အခြေခံပညာ အထက်တန်းကျောင်း (ဇင်ချောင်း) အုပ်စု၊ စုရပ်(၆)မှာ ၁၀၅ ဦး၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)ဘောရဘာအုပ်စု၊ စုရပ်(၇)မှာ ၄၈၉ ဦး၊ အခြေခံပညာအထက်တန်းကျောင်း (စနဲ) အုပ်စု၊ စုရပ်(၈)မှာ ၆၁၉ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ဒွေးချ)အုပ်စု၊ စုရပ်(၉)မှာ ၅၁၆ ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လှံပျောက်အုပ်စု၊ စုရပ်(၁၀)မှာ ၁၄၂၅ ဦး၊ အခြေခံပညာ အထက်တန်းကျောင်း(ကပိုင်ချောင်း)အုပ်စု၊ စုရပ်(၁၁)မှာ ၁၀၁၅ ဦးကို နှစ်ရက်ထိုးပါမယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ငွေတွင်းတူး)အုပ်စု၊ စုရပ်(၁၂)မှာ ၇၆၆ ဦးကို နှစ်ရက်ထိုးပါမယ်၊ အခြေခံပညာအ ထက်တန်းကျောင်း(မြို့ချောင်း)အုပ်စု၊ စုရပ်(၁၃)မှာ ၁၀၂၇ ဦး၊ အခြေခံပညာအထက်တန်းကျောင်း (အောက်မဒေကျွန်း)အုပ်စု၊ စုရပ်(၁၄)မှာ ၃၁၄ ဦးနဲ့ စုရပ်(၁၅) ကျောက်တစ်လုံး IDP စခန်းမှတော့ ၇၉ ဦးရှိပါတယ်၊ စုစုပေါင်းကတော့ ၁၅၆၄၅ ဦးထိုးနှံပေးသွားပါမယ်
မေး။ ကျောင်းသား/ကျောင်းသူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက်တွေ ကို ဆောင်ရွက်ထားပါသလဲရှင့်
ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့အတွက်ကို အထက်က အောက်တိုဘာ(၁၀)ရက်နောက်ပိုင်းမှာ စတင်ထိုနှံ ဖို့ဖြစ်တဲ့အတွက်ကြောင့် နယ်မြေခံကျောင်းတွေက ဆရာကြီး၊ ဆရာမကြီးတွေအားလုံးကို အသိပေးထား ပြီးဖြစ်ပါတယ်၊ ကျောင်းအုပ်ကြီးတွေက ကျောင်းသားမိဘတွေနဲ့တွေ့ဆုံပြီးတော့ ၁၂ ပြည့် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် သဘောတူညီချက်ပါရှိတဲ့ လက်မှတ်ကိုလည်း ရယူထားမှာပါ၊ မိဘတွေရဲ့ သဘောတူညီချက်နဲ့သာ ဒီဆေးထိုးနှံမှုကိုလုပ်ပါမယ်၊ အတန်းပိုင်ဆရာတွေကတဆင့် ဆေးထို့ဖို့အတွက် ကျောင်းသားတွေကို လက်ဆင့်ကမ်းမယ်၊ သဘောတူညီချက်ရပြီဆိုတာနဲ့ ဘယ်ကျောင်း၊ ဘယ်ကျောင်း တွေကိုထိုးနှံမယ်၊ ပြီးတော့ မနက်၊ ညနေပိုင်း ခွဲပြီး ထိုးနှံဖို့စီစဉ်မှာဖြစ်ပါတယ်။
မေး။ မကြာခင်မှာပေါ့ အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်တော့မယ် လို့သိရပါတယ် ကျောင်းတွေပြန်လည်ဖွင့်ဖို့အတွက် ဆရာမကြီးတို့အနေနဲ့ဆောင်ရွက်ထားရှိမှုလေးသိချင်ပါတယ်ရှင့်
ဖြေ။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက်ဆိုရင် ဒီကျောင်းမဖွင့်ခင် ကိုဗစ် တတိယလှိုင်းဝင်နေတဲ့အချိန်မှာ Grade-6 ၊ Grade-7 သင်ထောက်အကူပြုပစ္စည်းတွေ၊ ရသစာပေစာအုပ်တွေပိတ်မိနေတဲ့အတွက် စက် တင်ဘာလကုန်ကတည်းက ကျောင်းတွေအသီးသီးကို အချိန်မီရောက်နိုင်အောင်ထုတ်ပေးထားပါတယ်၊ ကျောင်းပတ်ဝန်ကျင်းသန့်ရှင်းရေးတွေအပြင် ကျောင်းဖွင့်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားရှိပါ တယ်၊ ရေရှိရေးနှင့် လက်ဆေးဘေစင်များကိုလည်း ပြန်လည်ပြင်ဆင်ထားရှိမှုတွေကို မေလကတည်းက ဆောင်ရွက်ထားရှိပြီးဖြစ် ပါတယ်၊
မေး။ ခုကျောင်းတွေဖွင့်တဲ့အခါမှာပေါ့နော် ဆရာ/ဆရာမတွေအားလုံးမှာကော ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးပါသလားရှင့်
ဖြေ။ ကိုဗစ်ကာကွယ်ဆေးကို ဆရာ/ဆရာမအားလုံး ၉၁.၆၆ ရာခိုင်နှုန်းထိုးနှံထားပြီးဖြစ်ပါတယ်၊ မထိုးရသေးသူတွေကတော့ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေလောက်ပဲ ကျန်ပါတော့ တယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့အစည်းတွေကို သိပါရစေရှင့်
ဖြေ။ ကျွန်မတို့နဲ့ပူးပေါင်းဆောင်ရွက်တာကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ၅ ဦးကော်မတီဖွဲ့စည်းထားပါတယ်။ ပထမ ၅ ဦး ကော်မတီနဲ့ အစည်းအဝေးပြုလုပ်ပါတယ်၊ နောက်ပြီးတော့ ဌာနပေါင်းစုံဖြင့် စီမံချက်တစ်ခုရေးဆွဲထားပါတယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကို ပြောကြားပေးပါရှင့်
ဖြေ။ ကျွန်မကတော့ အတိုင်းအထက်အလွန်ဝမ်းသာပါတယ် ကိုဗစ် တတိယလှိုင်းဝင်လာတဲ့အခါ ကျောင်းတွေပြန်ပိတ်လိုက်တော့ စိတ်ခံစားရတာပေါ့၊ ကလေးတွေကစာသင်ချင်တယ်၊ သူတို့က ကျောင်း ဖွင့်ဖို့ဟာကို မျှော်လင့်တယ်၊ ဒီကာကွယ်ဆေးအချိန်မီထိုးနှံပြီးလို့ ဆရာ/ဆရာမတွေရော၊ ကျောင်းသူ/ ကျောင်းသားတွေရော ပျော်ရွှင်ကြမယ်ထင်ပါတယ်၊ ပြန်ပြီးတော့ ကျောင်းတွေမှာ စိုစိုပြည်ပြည်တွေနဲ့ ကျောင်းတွင်းဝန်းကျင် စိမ်းလမ်းစိုပြေရေး၊ ကျောင်းသား၊ ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင်စာသင်ယူနေ တဲ့ မြင်ကွင်းကိုဘဲ ကျွန်မတို့ မြင်ချင်ပါတယ်၊
မေး။ ဆရာမကြီးတို့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်
ဖြေ။ ဖြည့်စွက်ပြောချင်တာကတော့ လုပ်ငန်းအနေနဲ့ ကျောင်းကိုမြန်မြန်ပြန်ဖွင့်ချင်ပါပြီပေါ့နော်၊ ဒီရော ဂါပြတ်တာနဲ့ ကျောင်းကိုမြန်မြန်ဖွင့်လို့ရှိရင် ကျောင်းရဲ့လုပ်ငန်းတွေကို အချိန်မီမီနဲ့ ဆောင်ရွက်နိုင်မယ်၊ ကျောင်းရဲ့လုပ်ငန်းဆိုတာက တစ်နှစ်တာ ၁၀ လကာလ စာသင်ရမှာဖြစ်ပါတယ်၊ အဲ့ဒီကျောင်းသင်ကြား ရေး ၁၀ လကို ကျွန်မတို့က မမီတော့ဘူး၊ အဲ့ဒီ ၁၀ လကို ကျွန်မတို့ ဝန်ကြီးဌာနကနေပြီးတော့ သင်ရိုးကို ညှိနှိုင်းပြီးတော့ ကျောင်းဖွင့်တဲ့အချိန်မှာ စာသင်ကြားရေးကိုဘဲ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။
မေး။ အခုလိုဖြေကြားပေးတဲ့အတွက် ဆရာမကြီးကို အထူးဘဲကျေးဇူးတင်ပါတယ်ရှင်။
တွေ့ဆုံမေးမြန်းသူ - ဒေါ်ခင်ယုယုနွယ်
သတင်း - ဖြိုးဝေလင်း၊တင်ထွန်းဦး