ရန်ကုန် ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု ရရှိစေရန် ရည်ရွယ်၍ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။
သင်တန်းကို နည်းပြများအဖြစ် ဆရာဖြိုးကိုကိုနှင့် လက်ထောက်ဆရာ ပြည့်စုံအောင် (ရန်ကုန်မြောက်ပိုင်း ခရိုင်၊ လူငယ် ရေးရာ ကော်မတီ အတွင်းရေးမှူး-၂) တို့က သင်တန်းသား၊ သင်တန်းသူ(၁၀)ဦးအား မိုဘိုင်းဖုန်း အသုံးပြုနည်းများ၊ မိုဘိုင်းဖုန်း ပြုပြင်နည်း များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါသင်တန်းကို ဩဂုတ်လ(၁၀)ရက်နေ့မှ ဩဂုတ်လ(၃၀)ရက်နေ့အထိ နံနက်(၉)နာရီမှ နံနက်(၁၁) နာရီ အချိန်အထိ တနင်္လာနေ့ မှ သောကြာနေ့များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ် လျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)