ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပြည်သူအားလုံး အပြည့်အဝ ပါဝင်ထိုးနှံကြရေး အသိပညာပေးနှိုးဆော်

ကျောက်ပန်းတောင်း   အောက်တိုဘာ   ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက် ပြန့်ပွားမှု လျော့နည်း ကျဆင်းစေရေးအတွက်၊ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ၊ ယမန်နေ့ ညနေ(၆)နာရီမှ ည(၇:၃၀) နာရီအထိ မြို့နယ်အတွင်း ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပြည်သူအားလုံး အပြည့်အဝ ပူးပေါင်းပါဝင် ထိုးနှံကြရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မိတ်ဖက်အဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရေး၊ အသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်အတွင်း နယ်လှည့် ကွင်းဆင်းအဖွဲ့များဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ အသက်(၁၈) နှစ်နှင့်အထက် လူမျိုးမရွေး/ဘာသာမရွေး ကာကွယ်ဆေးများထိုးနှံပေးနေပြီဖြစ်သဖြင့်၊ မိဘ ပြည်သူ များအနေဖြင့် အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အပြည့်အဝ ပူးပေါင်းပါဝင် ထိုးနှံကြရေး အတွက် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများအထိ လှည့်လည်ဆော်ဩ အသိပညာပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ လှည့်လည်ဆော်ဩ အသိပညာပေးခြင်းကို လှုံ့ဆော်ရေး၊ ပညာပေးရေးနှင့်ဆော်ဩရေးလုပ်ငန်း ဆပ်ကော်မ တီဥက္ကဋ္ဌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)