ကျိုင်းတောင်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ မြို့ဝင်မြို့ထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဆောင်ရွက် ထားရှိမှုအပေါ် ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နေလယ်ပိုင်း ၂ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အမှတ်(၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆွေကိုယ်စား ဒုဗိုလ်မှူးကြီး ခွန်မိုးအောင်မှ မြို့ဝင် မြို့ထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှုများ၊ စာရင်းအချက်အလက် ကောက်ယူနေမှုများ၊ ယာဉ်အဝင်အထွက်စစ်ဆေးမှုများနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုအပေါ် လာရောက် စစ်ဆေး ဆောက်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သီဟ (ပြန်/ဆက်)