မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦး ထပ်မံစစ်ဆေးတွေ့ရှိ၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ(၅၀၁)ဦးထိရှိလာ

မိုင်းပျဉ်း အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦးအား ယမန်နေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိပြီး   ဆေးကုသမှုခံယူနေသူ  ကိုဗစ်-၁၉   ရောဂါ အတည်ပြုလူနာ (၁၁၅) ဦးအနက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ (၁၀) ဦးအား ယနေ့တွင် နေရပ်သို့ပြန်လည်စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေးပြန်လည် ကောင်းမွန် သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၅၀၁) ဦးအထိ ရှိလာပြီဖြစ်ကြောင်း  မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၀)ဦးမှာ မိုင်းပျဉ်းမြို့နယ်၊ ပန်နောင်လုံကျေးရွာအုပ်စု၊ ပန်နောင် လုံကျေးရွာမှ အမျိုးသား()ဦး၊ တုံတာမြို့မှ အမျိုးသား()ဦးနှင့် အမျိုးသမီး() ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက်  မိုင်းပျဉ်းမြို့နယ်၊ ပန်နောင်လုံကျေးရွာ အုပ်စု၊ ပန်နောင်လုံကျေးရွာမှ ပိုးတွေ့လူနာ () ဦးသည် ဖျားနာခြင်းလက္ခဏာများခံစားရပြီး ကိုဗစ်-၁၉ ရောဂါ သံသယရှိသဖြင့် ယမန်နေ့ ညနေ()နာရီက ပန်နောင်လုံကျေးလက် ဆေးပေးခန်း၌ RDT Test Kit ဖြင့် စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းနှင့် တုံတာမြို့မှ ပိုးတွေ့လူနာ () ဦးအနက် () ဦးသည် ဖျားနာခြင်းလက္ခ ဏာများခံစားရပြီး ကိုဗစ်-၁၉ ရောဂါ သံသယရှိသဖြင့် ယမန်နေ့ ညနေ ()နာရီခွဲက တုံတာမြို့၊ ပြည်သူ့ဆေးရုံ၌ RDT Test Kit ဖြင့်စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၎င်းနှင့်ထိတွေ့မိသူများ၊ မိသားစုဝင်များ၊ ပေါင်း(၂၇) ဦးအား ဆက်လက်စစ်ဆေးရာမှ ()ဦးထံတွင် ရောဂါပိုးထပ်မံစစ်ဆေး တွေ့ရှိခဲ့ခြင်းသည်။

အထက်ပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၁၀)ဦးအား မိုင်းပျဉ်းမြို့နယ်၊ ပန်နောင်လုံကျေးရွာ ရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် တုံတာတိုက်နယ်ဆေးရုံတို့၌ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူစေမည်ဖြစ်ပြီး ၎င်းတို့၏မိသားစုဝင်များ၊ ထိတွေ့ခဲ့သူများ အား အသွားအလာကန့်သတ်၍ Home Quarantine ထားရှိကာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။     

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၀၇) ဦးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၅၀၁)ဦး၊ ဆေးကုသမှုခံယူနေသူ (၁၀၆) ဦးနှင့် သေဆုံးလူနာမရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)