ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေးရာ ပိုးတွေ့ ( ၁၀ ) ဦးထပ်မံတွေ့ရှိ

ပြင်ဉီးလွင် ၊ အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများအား အောက်တိုဘာ ၆ ရက်၊ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ကျန်းမာရေးစင်တာများတွင် စစ်ဆေးရာ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူ ( ၁၀ ) ဦး တွေ့ရှိ ကြောင်း သိရှိရသည် ။ အဆိုပါ ပိုးတွေ့ လူနာများသည် အမျိုးသား ( ၂ )ဦး နှင့် အမျိုးသမီး ( ၈ ) ဦး ၊ စုစုပေါင်း ( ၁၀ ) ဦးတို့ဖြစ်ပြီး အောက်တိုဘာ ၆ ရက်နေ့အချိန်အထိ မြို့နယ်အတွင်း စုစုပေါင်းပိုးတွေ့( ၂၉၂၉ ) ဦး၊ လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသသူ ( ၁၉၇ ) ဦး ၊ စုစုပေါင်းဆေးရုံဆင်း ( ၂၅၄၄ ) ဦး ၊ စုစုပေါင်းသေဆုံး ( ၁၈၈ ) ဦးရှိပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည် ။

ခရိုင် ( ပြန်/ဆက် )