ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ မ‌ရမ်းဘေးကျေးရွာနှင့် အဝကောက်ကျေးရွာ အလယ်တန်းကျောင်းများသို့  ရန်ကုန်စီးပွားရေးတက္ကသိုလ်(၁၉၉၃)ဘွဲ့ရများဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပစ္စည်းများ လာရောက်လှူဒါန်း

တံတား  ဩဂုတ်  ၁၇

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ မ‌ရမ်းဘေးကျေးရွာနှင့် အဝကောက်ကျေးရွာ အလယ်တန်း ကျောင်းများသို့  ရန်ကုန် စီးပွားရေး တက္ကသိုလ် (၁၉၉၃) ဘွဲ့ရများဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

အခြေခံပညာ အလယ်တန်း အဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စာသင်ရာတွင် အခက်အခဲမရှိပဲ အဆင်ပြေစေရန်ရည်ရွယ်၍ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၏ စီစဉ်မှုဖြင့် ရန်ကုန် စီးပွားရေးတက္ကသိုလ်(၁၉၉၃) ဘွဲ့ရများဖောင်ဒေးရှင်းမှ မရမ်းဘေးကျေးရွာ(အ လ က)ကျောင်းသို့ ခြေနင်းလက်ဆေးဘေဆင်(၉)ခု၊ နှာခေါင်းစည်း (၁၀၀၀)ခု၊ သာမိုမီတာ(၃)ခု၊ Hand sanitizer (500Ml 30pcs+5l 5pcs)နှင့် ကိုခင်မောင်လွင်(Kzy Styrofoam)မှ Face Shields (၂၀၀)ခု လှူဒါန်းခဲ့သည်။

ဆက်လက်၍ အဝကောက်ကျေးရွာ(အ-လ-က) စာသင်ကျောင်းသို့ ခြေနင်းလက်ဆေး ဘေစင်(၂)ခု၊ နှာခေါင်းစည်း (၁၀၀၀)ခု၊ သာမိုမီတာ(၂)ခု၊ Hand sanitizer(500 Ml20psc+5l 2ps၊ ဗလာစာအုပ် စာမျက်နှာ(၈၀)ပါ (၃၀)ဒါဇင်နှင့် ဆရာ/ဆရာမများအား အဝတ်နှာ‌ခေါင်းစည်း များအား လှူဒါန်းပေးအပ်ခဲ့ပြီး လှူဒါန်းမှု စုစုပေါင်း တန်ဖိုးငွေ (၁၀,၅၄၉၀ဝိ/)ကျပ်ရှိကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (တံတား)