နားခံ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

မိုးနဲ     ဩဂုတ်   ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ နားခံကျေးရွာ အခြေခံ ပညာအထက် တန်းကျောင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့  နံနက် ၇ နာရီအချိန်က အဆိုပါ အထက်တန်းကျောင်းခွဲ၌  ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နားခံအခြေခံပညာ အထက်တန်းကျောင်းခွဲတွင် တက်ရောက်ပညာသင်ကြား လျက်ရှိသော ကျောင်းသား/ ကျောင်းသူ ၈၀ ဦးအား ကိုယ် အပူချိန် တိုင်းတာစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှနှင့် တာဝန်ရှိသူများက နားခံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး သုံးပစ္စည်းများဖြစ်သော Hand-Gel (500ml)ဗူး (၄)ဗူး၊ နှာခေါင်းစည်း (၂၅၀)ခု၊ လက်ဆေးဆပ်ပြာခဲ (၂၀ခဲ နှင့် မျက်နှာကာ (၅)ခုအား ပေးအပ်လှူဒါန်းရာ နားခံအခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးတေဇာအောင်က လက်ခံ ရယူခဲ့ ကြောင်း သိရသည်။

မျိုးညွန့်ရွှေ ( မိုးနဲ )