မန်စီ အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် ကောင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၉ နာရီက ရပ်ကွက်အတွင်းရှိ အသက်(၅)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အသက်(၆)လအထက်မှ အသက်(၅)နှစ်အောက်ကလေးငယ်များအား ဗိုက်တာမင်အေနှင့် သံချဆေး တိုက်ကျွေးခဲ့ ခြင်းဖြစ်ပြီး ကလေးငယ်များကို ၆ လတစ်ကြိမ် လှည့်လည်တိုက်ကျွေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကတာဝန်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို အောက်တိုဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ နမ့်မဖွဲကျေးရွာနှင့် ဂါးရာယန်ကျေးရွာအတွင်းရှိ ကလေးငယ် များကိုကာကွယ်ဆေးများ တိုက်ကျွေးဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)