ကာမိုင်းမြို့၌ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

ကာမိုင်း   အောက်တိုဘာ  ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ(၃)နာရီထိ အထက မြစိမ်းရောင်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးအမည်မှာ Sinopharm ဖြစ်ပြီး ဆေးမထိုးမီ မှတ်တမ်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း များကို ပညာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ဆောင်ရွက်ပေးခြင်းနှင့် ကာမိုင်းနည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့၊ တိုက်နယ်ဆေးရုံဝန်ထမ်းများက ပြည်သူများအား စနစ်တကျဆေးထိုးပေး၍ နာရီဝက် ကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်း ဆောင်ရွက်ပါသည်။

ကာကွယ်ဆေးထိုးနှံရာ၌ ကာမိုင်းမြို့တွင် (၃၂၀)ဦး၊ လဝါးကျေးရွာတွင်(၂၅၀)ဦး၊ နန့်ယား ကျေးရွာတွင် (၂၀၀)ဦးအတွက် ဆေးအလုံးရေ(၁၅၄)လုံးကို တစ်လုံးလျှင် လူငါးဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ(၇၇၀)ဦး ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ကာမိုင်း(ပြန်/ဆက်)