ရွာငံ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ အခြေခံလူ တန်းစား များအား နိုင်ငံတော်မှဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက ရွာငံမြို့ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ရွာငံမြို့နယ်အတွင်းရှိ အခြေခံ လူတန်းစားများအား နိုင်ငံတော်မှ ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ထောက်ပံ့ငွေကျပ်(၅၆၆)သိန်းကို လွှဲပြောင်းပေးအပ်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူက လက်ခံရယူခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည် ကျောက်မြောင်း၊ ကျောက်က္ကူပြင်၊ ရွာမရပ်ကွက်နှင့် လက်ပံပင်ကျေးရွာတို့ရှိ အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ်(၂၀၀၀၀/-)ကို လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ထောက်ပံ့ပစ္စည်း(၅)မျိုးဖြစ်သော ဆန်၊ဆီ၊ ဆား၊ ကြက်သွန်၊ ပဲများကို အိမ်ထောင်စုပေါင်း(၂၅၆၁)စုသို့လည်းကောင်း၊ ပထမအကြိမ် ထောက်ပံ့ငွေကျပ် (၂၀၀၀၀/-) ဖြင့် အိမ်ထောင်စုပေါင်း(၂၈၃၀)စုအတွက် ငွေကျပ်(၅၆၆)သိန်းကိုလည်းကောင်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခု ဒုတိယအကြိမ် ထောက်ပံ့ငွေကျပ်(၂၀၀၀၀/-)ဖြင့် အိမ်ထောင်စုပေါင်း (၂၈၃၀)စု အတွက် ငွေကျပ်(၅၆၆)သိန်းကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)