မော်လမြိုင် သြဂုတ် ၁၇
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀ဝိ/-နှုန်းဖြင့် ယနေ့ နေ့လယ်ပိုင်း၌ တာဝန်ရှိသူများက လိုက်လံထောက် ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဝေလင်းထွန်း က ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ အုပ်စုခွဲ၍အိမ်တိုင်ရာ ရောက်ထောက်ပံ့ခဲ့ကြောင်း သိရ သည်။
မော်လမြိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၄၉၉၇)အတွက် ငွေကျပ်(၂၉၉၉၄၀၀၀ဝိ/-)ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)