မိုးညှင်းမြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပါးစပ် နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်

မိုးညှင်း   အောက်တိုဘာ   

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် ပါးစပ်နှာခေါင်းစည်းများဝေငှပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခြင်း လုပ်ငန်းများကို ယနေ့နံနက် (၉)နာရီက အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးနှင့်ဝန်ထမ်းများ၊  ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင် တာဝန်ခံ ဦးသက်နိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်လူနေ အိမ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများဖြစ်သည့် မြို့မစည်ပင်သာယာစျေးနှင့် လမ်းဆုံ လမ်းခွနေရာများတွင် စျေးရောင်းစျေးဝယ်နေကြသည့် ပြည်သူများနှင့် ဖြတ်သန်းသွား လာနေကြသည့် ပြည်သူများအား ကိုဗစ်−၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အနေဖြင့်လည်း ကျန်းမာရေးလမ်းညွှန်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး စည်းကမ်းချက် များကို စနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေ သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

         

ဇွဲသူရအောင်