သန်လျင် ဩဂုတ် ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေး ပြုစုထားရှိသော မဲစာရင်းများ မှန်ကန်စေရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ(၄)နာရီတွင် သန်လျင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည် က အမှန် တကယ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမဖြစ်စေရေး၊ အောက်ခြေ တာဝန်ယူဆောင်ရွက်ကြသည့် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ တာဝန်ရှိသူ များအနေဖြင့် အသေးစိတ် စစ်ဆေးဆောင်ရွက် ပေးကြရန်၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိ အဖွဲ့အစည်း အဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်၊၊ ဆက်လက်၍ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တောင်ပိုင်းခရိုင်တာဝန်ခံ) ဦးကျော်မိုးကြည်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ဝင်များက မဲစာရင်းများ မှန်ကန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြကြသည်၊၊
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သန်လျင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများ အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် သွားရောက်၍ အဖွဲ့များ ခွဲကာကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်၊၊
သန်းဝင်း(သန်လျင်)