သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်အဝထိုးနှံပြီးသူ ၈၄၂၁ ဦးနှင့်ပထမအကြိမ်ထိုးနှံပြီး

သာစည် အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် သပြေဝကျေးရွာအုပ်စု သပြေဝကျေးရွာနှင့် မြို့ကြီးကုန်းကျေးရွာတို့မှပြည်သူများအား သပြေဝကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ စုရပ်ထားကာ ဆေးထိုးအဖွဲ့သုံးဖွဲ့ဖြင့်  ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် Volunteer များက စာရင်းကောက်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းခြင်းနှင့် သွေးပေါင်ချိန် ခြင်းများဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့သုံးဖွဲ့ဖြင့် ကာကွယ် ဆေးထိုးနှံပေးခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက  ကွန်ပျူတာစာရင်းသွင်းခြင်းနှင့် ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ  ဖြစ်စေရန်ကျေးရွာတာဝန်ရှိ သူများနှင့်   စနစ်တကျ    ဆောင်ရွက်ပေးလျက်ရှိရာ    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်ဗိုလ်မှူးတေဇာမြင့်တို့သွား‌ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် အောက်တိုဘာ ၅ ရက်နေ့အထိကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်အဝထိုးနှံပြီးသူ၈၄၂၁ ဦးရှိကြောင်းနှင့်ပထမအကြိမ်ထိုးနှံပြီးသူ  ၃၂၃၀၈  ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)