မြစ်ကြီးနား အောက်တိုဘာ ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကိုဗစ် -၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၁၈) နှစ် အထက် ပြည်သူများအား စက်တင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြစ်ကြီးနားမြို့နယ် အ-ထ-က(၉) ကျောင်းနှင့် IDPS Camp အသီးသီး၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး လိုက်လံ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးလိုက်လံထိုးနှံ ပေးလျက်ရှိရာ မြစ်ကြီးနားမြို့နယ်အတွင်း စက်တင်ဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာ ၅ ရက်နေ့ထိ ကိုဗစ် -၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၁၈)နှစ် အထက် ပြည်သူစုစုပေါင်းလူဦးရေ (၃၈၂၇၄)ဦး လာရောက်ထိုးနှံပြီး အဆိုပါ ထိုးနှံပေးသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။ ယခုထိုးနှံ ပေး သည့် ကာကွယ်ဆေး အား ဒုတိယအသုတ်အဖြစ် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)