တြိဂံဒေသတိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးက မိုင်းပျဉ်းမြို့နယ်ရှိ Volunteer များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများချီးမြှင့်ပေးအပ်

မိုင်းပျဉ်း အောက်တိုဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် Volunteer များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့် ကြက်ခြေနီ အသင်းအဖွဲ့ဝင်များအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနာယက တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့က ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနာယက တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ထောက်ပံ့ပစ္စည်း များ ချီးမြှင့်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးရဲနိုင်နှင့် ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဉက္ကဋ္ဌ ဉီးဝင်းမင်းသိန်းတို့က မိုင်းပျဉ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် Volunteer များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီအသင်းအဖွဲ့ဝင် များအား ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ဇော၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဉက္ကဋ္ဌ ဉီးရဲနိုင်၊ ပြည်နယ်အစိုးရအုပ် ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အတွင်းရေးမှူး ရဲမှူးကြီး အေးသိန်းနှင့် တာဝန်ရှိသူတို့က နှာခေါင်းစည်း (Mask) (၃၀)ဗူးပါ ()ဖာ၊ ဆီ(၁၂)ဗူးပါ ()ဖာ၊ ခေါက်ဆွဲခြောက်()ဖာ၊ ငါးသေတ္တာ()ကတ်ပါ()ဖာ၊ လက်သန့်စင်ဆေးရည် (Hand Gel) (၂၀) ဗူးပါ (၃၃) ဖာနှင့် ကြက်ဉအလုံး (၅၀၀) တို့အား ထောက်ပံ့ ပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးမြင့်ဝင်းနှင့်တာဝန်ရှိသူတို့က လက်ခံရယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဉီးစိုင်းထွန်းစိန်က ထောက်ပံ့မှုများနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ဌာနဆိုင်ရာနှင့် ဒေသခံပြည်သူများ တင်ပြတောင်းခံသည့် အောက်ဆီဂျင်အိုးအလုံး(၂၀) မြို့သန့်ရှင်းသာယာလှပရေး အတွက် Mini backhold ()စီး၊ မြို့မဈေးနှင့် မြို့တွင်းသွားလမ်းကြားရှိ နမ့်ပိန်းချောင်းကူးတံတား တည်ဆောက် ပေးနိုင်ရေး၊ နားယုန့်ကျေးရွာနှင့်နောင်ဟောင်ကျေးရွာတွင် ရေလှောင်ကန်()ကန်စီ တည်ဆောင်ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်၊ ညှိနှိုင်း၊ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)