ဒက္ခိဏသီရိ အောက်တိုဘာ ၆
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် (၅၀)နှစ်နှင့်အထက်အသက်ကြီးသူများနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စု အလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နာတာရှည် ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၀ နှစ်နှင့်အထက်အသက်ကြီးသူများ၊ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက်ပြည်သူများ စုစုပေါင်းလူဦးရေ (၅၀၀)ဦးကို ယနေ့ထိုးနှံပေးမည်ဖြစ်ပြီး ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးရန်ကျန်ရှိသူများကို အောက်တိုဘာ(၉)ရက်နေ့အထိ ဆက်လက်ထိုးနှံပေး သွားမည် ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)