လဲချား အောက်တိုဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မှမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်တွင် မြို့မကျေးရွာအုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ``ပြည်သူ့ဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့ ´´ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများက မြို့မကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ အသက်(၁၈) နှစ်ပြည့်(၆၀)ကတ်အားနေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် (ဓါတ်ပုံရိုက်ကူးခနှင့်သွေးစစ်ဆေးခ)တို့ကိုနိုင်ငံတော်မှ ကျခံပေးခြင်း ဖြစ်ပါသည်။
လဲချားမြို့နယ်အတွင်းအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးဦးကျော်စိုးမိုး၏ ပြောကြားချက် အရ သိရသည်။
လွှမ်းသူနောင် (လဲချား)