လွိုင်လင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၈၀၉ ဦးရှိပြီဖြစ်

လွိုင်လင် အောက်တိုဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် ယမန်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test kit ဖြင့် (၁၄၉)ဦး အား စစ်ဆေးရာ ၄၆ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ ရောဂါပိုးတွေ့ရှိမှုတွင် လွိုင်လင်မြို့မှ (၄၂)ဦး၊ ပင်လုံမြို့နယ်မှ (၄)ဦးဖြစ်ကြောင်း သိရသည်။

လွိုင်လင်မြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၅ ရက် ညနေပိုင်းအထိ ကို‌ဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၈၀၉) ဦးရှိပြီဖြစ်သည်။ ယင်းတို့အထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ (၆၂၃) ဦး၊ သေဆုံးသူ (၂၀) ဦး၊ ဆေးကုသဆဲလူနာ (၁၆၆) ဦး ကျန်ရှိနေကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းသို့ရောဂါပိုးတွေ့ရှိမှုများပြားလာခြင်းကြောင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ကော်မတီမှ ပိုးတွေ့ရှိသောလမ်းများအား ၂ ပတ်တိတိ Simi Lock Down စတင်ချထားမည် ဖြစ်ကြောင်းနှင့် Simi Lock Down ချထားစဉ်ကာလအတွင်း မည်သူမျှ ဝင်ထွက်သွားလာခွင့်ပြုမည် မဟုတ်ကြောင်း­­­ သိရသည်။

၀င်းမင်းသန့်(လွိုင်လင်)