နွားထိုးကြီး အောက်တိုဘာ ၆
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီ ကစတင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံ ပေး လျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ် သောSinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူငါးဦး 5 Dose ထိုးနှံလျက်ရှိပြီးအသက်(၁၈)နှစ်စုစုပေါင်း (၂၆၀၀)ဦးအားအဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်နှင့်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်းသတ်မှတ်ဦးစားပေးအုပ်စု အ လိုက်ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်