သထုံရွှေစာရံစေတီတော်မြတ် ကြီးအားစေတီတော်ပုရ ဝုဏ်အတွင်း ဝင်ရောက်ဖူးမျှော်ရန် ပြန်လည်ခွင့်ပြု

 

သထုံ    အောက်တိုဘာ     ၆

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပုရဝုဏ်အတွင်း ဝင်ရောက်ဖူးမျှော်ခွင့် ယာယီပိတ်ထားသည့် မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီ တော်မြတ်ကြီးအား ယနေ့၊ နံနက်မှစတင်ကာ ကိုဗစ်-၁၉ ကာကွယ်ရေး သတ်မှတ်ချက်များဖြင့် ပြန်လည်ဝင်ရောက်ဖူးမျှော်ခွင့် ပြုလိုက်ပြီဖြစ် ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

 

"ဩဝါဒစရိယဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ ပြန်ဖွင့်တာပါ။ အရင်ကလို အပေါက်အားလုံး တော့မဖွင့်ဘူးပေါ့။ အသုံးပြုများတဲ့ ‌မြောက်ဘက်မုခ်နဲ့ အနောက် ဘက်မုခ်တွေကို ဦးစားပေး ဖွင့်ထားမယ်။ အချိန်ကတော့ မနက် ၆ နာရီက ည ၇ နာရီအထိပါ" ဟု စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားခဲ့သည့် ကာလအတွင်း စေတီတော်ပုရဝုဏ်အား ဝင်ရောက်ဖူး မျှော်ခွင့်ကို ကာလအတန်ကြာ ပိတ်ထားခဲ့ရာမှ ယခုအခါ သထုံမြို့နယ် အတွင်း ရောဂါတွေ့ရှိ ကူးစက်သူ နည်းပါးလာသောကြောင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကာ လာရောက်ဖူးမျှော်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဝင်ထွက်ခွင့်ပြုထားသည့် အပေါက်များ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူတိုင်း Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်းကိုယ် အပူချိန်တိုင်းခြင်းတို့ ပြုပြီးမှ ဝင်‌ရောက်ဖူးမျှော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ကိုကိုဦး