ငါန်းဇွန် အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပျံ့ပွားတွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၉နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း BT Speakerဖြင့် လှည့်လည်အသိပေး နှိုးဆော် ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင် ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများ ထံ သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ် နှာခေါင်းနှင့် မျက်စိကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်း နှင့် ထိတွေ့ခြင်း မပြုကြရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာ ခြင်းမှ ရှောင်ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါခံရှိ သူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြပါရန် စသည့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း စဉ်များအပေါ် ပြည်သူသို့ အသိပေးချက်(ရှမ်းဘာသာ)အသံဖိုင်ဖြင့် မိဘပြည်သူများ သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များအတွင်း BT Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး (ငါန်းဇွန်)