ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရွှေဇားကပ္ပကောင်းဈေးရှိ ဈေးရောင်းချသူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်

မောင်‌တော  အောက်တိုဘာ  ၆

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရွှေဇားကပ္ပကောင်း ဈေးရှိ ဈေးရောင်းချသူများ နှင့် လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၉ နာရီ အချိန်က  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက်  မြို့နယ် ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ လုပ်အားရှင်များ ပူးပေါင်းကာ ရွှေဇားကပ္ပကောင်း ဈေးရှိ ဈေးရောင်းချသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အထဲမှ မိမိ သဘော ဆန္ဒအရ လာရောက် စစ်ဆေးခံသူများအား စစ်ဆေးပေးခဲ့ရာ အမျိုးသား(၅၀)ဦးနှင့် အမျိုး သမီး(၁)ဦး စုစုပေါင်း (၅၁) ဦး အား စစ်ဆေးပေးနိုင်ခဲ့ပြီး ၎င်းတို့တွင် ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှသိရသည်။  

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေး နေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့်  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည် များကိုဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

သက်လွင်စိုး