ဆီဆိုင် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ပိုးသတ်ဆေးများသွားရောက် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူးဦးလှမြင့်နှင့် အဖွဲ့ဝင်များက ဆီဆိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ ပိုးသတ် ဆေးများ သွားရောက်ပက်ဖျန်းပေးခြင်းဖြစ်ပြီး ရောဂါပိုးတွေ့နေအိမ်များသို့လည်း နေ့စဉ် သွားရောက် ပက်ဖျန်းပေးခြင်းဖြစ်ကြောင်း၊ ပိုးသတ်ဆေးပက်ဖျန်းပေးသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာများအနက်သေဆုံးသွားသည့် အလောင်းများကို သေချာထုတ်ပိုး သယ်ယူကာ သင်္ဂြိုလ်ပေးခြင်း၊ လူမှုရေးလုပ်ငန်း များတွင်လည်း တက်ကြွစွာပါဝင် ကူညီပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူးဦးလှမြင့်ထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)