ဆီဆိုင်မြို့နယ်တွင် ကာကွယ်ဆေးမထိုးရသေးသည့် မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဆီဆိုင်      အောက်တိုဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွွယ်ဆေး မထိုးရသေးသူများ ကိုကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်ထားသည့်စုရပ်နေရာများတွင် ထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ် ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ရဟန်းသံဃာတော်များ၊ ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေး သွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက် ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

မျိုးမြတ်(ဆီဆိုင်)